Tun Thura Thet

ကိုထွန်းသူရသက်နှင့် အင်တာဗျူး (အလုပ်အကိုင် အခွင့်အလမ်း အမြင်) အပိုင်း (၄)

အခုမှ စဖတ်မယ့်သူတွေအတွက် အရင်အပိုင်းတွေကို ပြန်ညွှန်းလိုက်ပါတယ်။

သီဟ – ကိုထွန်းနိုင်ငံခြားမှာ ပညာ သင်နေတယ်လို့ ကျွန်တော်ကြားမိပါတယ်။ ကျွန်တော် သိတဲ့အချိန်မှာ ကိုထွန်းက နိုင်ငံခြားမှာ အနေများပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာရှိတဲ့ MIT ကလဲ ပုံမှန်အတိုင်း လည်ပတ်နေပါတယ်။ အဲဒီလို မျက်နှာလွဲထားနိုင်တဲ့ အခြေအနေရဲ့ အရင်းခံကို လေ့လာကြည့်မယ်ဆိုရင် စီမံခန့်ခွဲနိုင်စွမ်းဆိုတာ တွေ့ရပါတယ်။ အဲဒီ စီမံခန့်ခွဲနိုင်စွမ်းနဲ့ ပတ်သက်ပြီး သိချင်ပါတယ်ခင်ဗျ။

ကိုထွန်း – ကျွန်တော်က ကံလည်း ပါတာပေါ့။ နံပါတ်တစ် လူကောင်း ရဖို့လည်း လိုတာပေါ့။ တဖက်က ကြည့်ပြန်တော့လည်း ကံဆိုတာ လူက လုပ်တာဆိုတော့ ကိုယ်ကလည်း လူကောင်းရှာဖို့ လိုတာပေါ့။ လူကောင်းတွေကို လူကောင်းကဲ့သို့ treat လုပ်နိုင်ဖို့ လိုတယ်။

နောက်တစ်ခုကတော့ ကျွန်တော် ကံကောင်း တယ်ပြောရမလား မသိဘူး။ ပထမ တစ်ခေါက် အရေးအခင်း ပြီးတော့ ကျောင်းပိတ်တဲ့ အခါ ကျွန်တော် ထွက်သွားခဲ့ရတယ်။ အဲဒါ ကိုယ့်အတွက် အခွင့်အရေးပေါ့။ မဟုတ်ရင် ကျွန်တော် ဒီမှာ နေဖြစ်မှာပေါ့။ ထို့အတူပဲ ၂၀၀၅ လောက်မှာ ဒီမှာ liquidity crisis ဖြစ်ခဲ့တယ်လေ။ အဲဒီအချိန်မှာပေါ့ ကျွန်တော်တို့ ဘာသွားတွေ့လည်း ဆိုတော့ ငါတို့ ဒီအတိုင်း ဆက်သွားရင်တော့ survive လုပ်ရခက်မယ်။ ကျွန်တော်တို့ အဲဒီမတိုင်ခင်က ဘဏ်တွေ အားလုံး အားကိုးခဲ့တယ်။ အဲဒီ အားကိုးခဲ့တဲ့ ဘဏ်တွေရဲ့ income က 70% လောက် ရှိတယ်။ နောက်တနေ့မှာ မရှိတော့ဘူး။ ကျွန်တော်တို့က သိတယ်။ မဖြစ်မနေ ဒါကို overcome လုပ်ရမယ်ဆိုတာ သိတယ်။ သိတဲ့အခါမှာ နိုင်ငံခြားသွားဖြစ်တယ်။

အဲဒီလို သွားဖြစ်လိုက်တော့ ပညာရေးကို ဆက်ဖို့ အခွင့်အရေးရတယ်။ ဒီမှာ နေခဲ့ရင် ကျွန်တော် Ph.D မပြီးနိုင်ဘူး။ ဒီမှာ part-time လုပ်လို့မှ မရပဲ။ တခြားနိုင်ငံမှာက ကိုယ် ဘာ major နဲ့ပြီးခဲ့ပြီးခဲ့ Ph.D ကလုပ်ခွင့်ရှိတယ်။ လူတိုင်းက physics နဲ့ ပြီးလည်း လုပ်လို့ရတယ်။ ကိုယ်မှာ လိုအပ်တဲ့ အရည်အချင်း ရှိဖို့ပဲ လိုတာဆိုတော့။ အဲဒါ တစ်ခုပေါ့။

နောက်တစ်ခုကတော့ စီမံခန့်ခွဲမှုပေါ့။ အဓိက ကျပါတယ်။ စီမံခန့်ခွဲမှု လို ပြောတဲ့အခါမှာ ကိုယ်က team building လုပ်ဖို့ လိုတယ်။ ကျွန်တော်ရဲ့ team က ကျွန်တော်ရဲ့ လုပ်ဖော် ကိုင်ဖက် အများစုသည် ကျွန်တော်နဲ့ အဖွဲ့အစည်း စစဉ်ကတည်းက လုပ်ခဲ့တဲ့ သူများတယ်။ ရှိသေးတယ်။ ဆယ်နှစ်ကျော်လောက် အတိုင်းအတာအတွင်းမှာ တော်တော်များများ ရှိပါသေးတယ်။

ဒါမျိုးဖြစ်ဖို့ ဆိုတာ trust လိုပါတယ်။ trust ဆိုတာ အပြန်အလှန် ရှိဖို့လိုတယ်။ အားလုံးက ကိုယ့်က ယုံပြီး ကိုယ်က သူတို့ကို မယုံလို့ရှိရင်လည်း မရဘူး။ ငယ်ငယ်တုံးက ကျွန်တော်တို့ သေနတ်ပစ်တိုင်း ကစားသလို ကျောချင်း ကပ်ပြီးတော့ ကိုယ့် ကျောက ကပ်ထားတဲ့ လူက ကိုယ့်နောက်ကျောကို ကာကွယ်ပေးနေတာ ဆိုတာမျိုးဖြစ်ဖို့ လိုပါတယ်။ အပြန်အလှန်ပေါ့နော်။ အဲဒီ trust ကို build လုပ်ဖို့ လိုတယ်။

စီမံခန့်ခွဲမှု မှာ အများစု မပြော ပေမယ့် အရေးကြီးတာ trust ဖြစ်ဖို့ပါပဲ။ တကယ်တမ်းရှိသမျှ management ပညာ တွေအများကြီး စာအုပ်ဖတ်ကြည့်လို့ ရတယ်။

သီဟ – ကျွန်တော် နောက်တစ်ခု မေးလိုတာက ရန်ကုန် နည်းပညာ တက္ကသိုလ် ၊ မန္တလေး နည်းပညာ တက္ကသိုလ် ၊ ရန်ကုန် ကွန်ပျုတာ တက္ကသိုလ်၊ မန္တလေး ကွန်ပျုတာ တက္ကသိုလ် တို့ကို Center of Excellence ဖွင့်မယ်ဆိုပြီးတော့ စီစဉ်တာရှိတယ်။ နောက်ပြီးတော့ သူတို့ ဝင်ခွင့်တွေကို အတိုင်းအတာ တခုအထိ သတ်မှတ်ပြီးတော့ အဆင့်မြှင့် တင်မယ်ပြောတယ်။ အဲဒီတော့ တက္ကသိုလ် တွေနဲ့ ပတ်သတ်ပြီးတော့ အကိုကလည်း ပညာရေးနဲ့ ပတ်သတ်ပြီး သေချာလုပ်ခဲ့ လူတစ်ယောက်ဆိုတော့ ဒီလို ပုံစံ သွားတဲ့မှာကော ဘယ်လို အမြင်ရှိသလဲ ဆိုတာကိုရော နောက်ပြီးတော့ change က ကျိန်းသေပေါက် လိုနေတဲ့ အတွက်ကြောင့်မို့လို့ change လုပ်နေကြတဲ့ အနေအထား အဲဒီအပေါ်မှာ အကို့ရဲ့ အမြင်လေး သိချင်ပါတယ်။

ကိုထွန်း – ဒါ အားလုံး ကြိုဆိုရမယ့် change တစ်ခုပေါ့။ ဒီပညာရေး စနစ်မှာ ပိုကောင်းအောင် လုပ်ချင်တယ် ဆိုတဲ့ အပိုင်းမှာပေါ့နော်။ ဟိုးအရင်တုံးက စနစ် အဟောင်းတွေမှာ အရေအတွက်ကို ဦးစားပေးခဲ့တယ်။ ပြန်ပြီးတော့ အရည်အသွေးကို ဦးစားပေးသင့်တယ် ဆိုတဲ့ အမြင်ရှိလာတဲ့ဟာကို ကျွန်တော်တို့ ကြိုဆိုရမှာပါ။ သူတို့ အနေနဲ့ ရှိတဲ့ တက္ကသိုလ် အားလုံး၊ ကောလိပ် အားလုံးကို ပြောင်းဖို့ ဆိုတာ ခက်တယ်။ ဒီတော့ သူတို့က ရွေးချယ်ပြီးတော့ သူတို့ နိုင်နိုင်နင်းနင်း ရှိတဲ့ နေရာ တွေကို ကျွန်တော်တို့ ရန်ကုန်၊ မန္တလေး လို နေရာမျိုးမှာ အရင် စပြီးတော့ လုပ်တယ်ဆိုတာ လက်တွေ့ကျတယ်လို့ ကျွန်တော် မြင်ပါတယ်။

အားလုံးပြင်ဖို့လိုတယ် ဆိုတာ ကျွန်တော့် အမြင်ပေါ့နော်၊ ကျောင်းက ဆရာ၊ ဆရာမတွေရော လူကြီးတွေရော အားလုံး အမြင်တူကြပါတယ်။ နံပါတ်တစ်က Curriculum။ Curriculum တစ်ခုတည်းတော့ မဟုတ်ပါဘူး။ What တစ်ခုတည်း မဟုတ်ဘူး။ How ပေါ့နော်။ ကျွန်တော်တို့ ဘယ်လို သင်ကြားလဲ ဆိုတဲ့ teaching method တွေကလည်း အရေးကြီးတယ်။ teaching method တွေ change တယ်ဆိုတာကို trainer တွေကို train လုပ်ဖို့ လိုတယ်။ educator တွေကို educate လုပ်ဖို့ လိုတယ်။ ဒီ process တွေ ပါတယ်ပေါ့နော်။

နောက်တခုက why ခေါ်မှာပေါ့နော်။ graduate ပြီးကြလို့ ရှိရင် industry မှာ fit in ဖြစ်ကြဖို့ အရေးကြီးတယ်။ ဒီ ကျွန်တော်တို့ what၊ how ရယ် why ရယ် သုံးခုလုံးက balance ဖြစ်ဖို့ လိုတယ်။ in the end မှာ သူတို့က employable ဖြစ်ရမယ်။ နိုင်ငံတကာ တက္ကသိုလ်တွေမှာလည်း အော်နေကြတာပဲ။ employment rate ကကျတယ် ဆိုရင်။ သူတို့တိုင်းတာတာက ဒီကျောင်း graduate က ဘယ်နှယ်လ အတွင်း အလုပ်ရသလဲ၊ သူတို့ average လခ က ဘယ်လောက် ရသလဲ၊ သူတို့ unemployed rate က ဘယ်လောက် ရှိသလဲ ဆိုတာနဲ့ တိုင်းတာကြတာပဲ။ ဒီ why ကအရေးကြီးတယ်။ အဲဒီတော့ အခု အပြောင်းအလဲနဲ့ ပတ်သက်ပြီး အနှစ်ချုပ်ပြောရရင် ကောင်းပါတယ်။ နောက်တခုကတော့ internship ဆိုတာမျိုးနဲ့ attach လုပ်ဖို့လိုပါတယ်။

သီဟ – internship တွေ ပေးနိုင်ရင် အကိုဖြစ်စေချင်တဲ့ ပုံစံတွေ ဖြစ်လာနိုင်တာပေါ့။

ကိုထွန်း – နောက် project က live ဖြစ်ဖို့ လိုတယ်။ အပြင်နဲ့ ဆက်စပ်တဲ့ project မျိုးဖြစ်ဖို့ လိုတယ်။ အဓိကကတော့ အားလုံး လုပ်နေတယ် ဆိုလို့ရှိရင်တော့ ကောင်းတာပေါ့နော်။ ပြီးသွားလို့ရှိရင် ကျွန်တော်တို့ က resource တွေလိုမယ်။ ပြီးရင် အချိန်လိုမယ်။ ချက်ချင်းပဲ ကျွန်တော်တို့က မျှော်လင့်ထားလို့ မရဘူး။ ပြောင်းတယ် ဆိုရင်တောင် အနည်းဆုံး ငါးနှစ်လောက်မှ ဒီ process ရဲ့အသီးအပွင့်ကို ကျွန်တော်တို့က ခံစားရမှာပါ။

သီဟ – အနည်းဆုံး ငါးနှစ်တက်ရမှာဆိုတော့ ကျွန်တော်တို့အနေနဲ့ စောင့်ကြည့်နေဖို့လိုတာပေါ့။

ကိုထွန်း – ငါးနှစ်ဆိုတာ fair ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံခြားမှာ တက်လို့ရှိရင် US မှာသွားရင် TOFEL ပြီးမှ SAT ဖြေပြီးတော့ တက္ကသိုလ် join တယ်။ ကျွန်တော် တို့က နှစ်နှစ်လျှော့ထားတယ်။ ကျွန်တော်တို့ ဆယ်တန်းဆိုတာ matriculation ပဲရှိသေးတယ်။ UK system မှာ O level ပြီးလို့ရှိရင် Junior College ( A level ) တက်ရတယ်။ 2 more years . ကျွန်တော်တို့ က လျှိုထားတာ ဆိုတော့ ငါးနှစ်တက်တဲ့ သဘောသည် ကောင်းပါတယ်ပေါ့။

သီဟ – ကျွန်တော့်ကို စင်္ကာပူက သူငယ်ချင်းတစ်ယောက် ဖုန်းဆက်ဖူးပါတယ်။ သူပြောတာက သူ့သားအနေနဲ့ ကွန်ပျူတာ တက္ကသိုလ်တက်ဖို့ အမှတ်မှီတယ်ပေါ့။ အမှတ်လဲ ကောင်းတယ်။ သူ့သားကလဲ အရမ်းဝါသနာပါတယ်။ ဒါပေမယ့် ခက်တာက ငါးနှစ်တောင် တက်ရမယ်။ အဲဒီလို အချိန်ပေးဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ ဒီတော့ အပြင်မှာလဲ သင်လို့ရနေတာ အပြင်မှာတက် ပြီးရင် အီးမေဂျာယူ တွဲတက်ပေါ့။ အဲဒီလိုတက်ပြီး နိုင်ငံခြားကိုသွားတဲ့ လမ်းကြောင်းကို ရွေးစေချင်တယ်လို့ ပြောပါတယ်။ အဓိကက သူစဉ်းစားထားတာက ဒီလို ကျွန်တော့်အမြင်က ဘယ်လိုရှိသလဲ မေးတာပါ။ ကျွန်တော်ကတော့ ခင်ဗျား ဘာဖြစ်လို့များ ခင်ဗျားကလေးကို campus life မပေးချင် ရတာလဲလို့ ပြန်မေးဖြစ်တယ်။ အဲဒီအပေါ်မှာ ကိုထွန်းရဲ့ အမြင်ကို သိချင်ပါတယ်။

ကိုထွန်း – ကျွန်တော် မြင်တာကတော့ ကျွန်တော်လည်း နိုင်ငံခြားမှာ ကျောင်းတက်ခဲ့တယ်။ campus ကကောင်းပါတယ်၊ အရေးကြီးတယ်ပေါ့။ private school နဲ့ state university နဲ့ different league ပေါ့နော်။ league မတူဘူး။ အခွင့်အရေး ရလို့ရှိရင် stage university တက်တာ အကောင်းဆုံးပဲ။ ကျွန်တော် တက္ကသိုလ် ရွေးချယ်တဲ့ အပိုင်းမှာ involve ဖြစ်ဖူးတယ်ပေါ့နော်။ master graduates တွေပေါ့။ သူတို့ အဝေးသင်တွေ၊ အဝေးသင်ဆိုတာ off campus တွေကို ဆိုလိုတာ။ အဲဒီလို ရွေးချယ်တဲ့ နေရာမှာ private school ကလူတွေကို မကြည့်ဘူး။ သူတို့ လိုချင်တာ stage university ကလူတွေ လိုချင်တာ။ ကျွန်တော်တို့ ဆီမှာကြတော့ ပြောင်းပြန် ဖြစ်နေတယ်ပေါ့။ stage university ရဲ့တန်ဖိုးကို သိပ် တန်ဖိုး မထားကြဘူး။ အဲဒီ culture လေးလည်း ပြင်ဖို့ လိုတယ်။ ကိုယ်ရတဲ့ B.C.Sc ပေါ့။ အဲဒါက တန်ဖိုးရှိတယ် ဆိုတာ သိဖို့ လိုတယ်။ ပြည်တွင်းမှာ ရှိတဲ့ any private institution ပေးတဲ့ ဘွဲ့ထက် တန်ဖိုးပိုရှိပါတယ်။

ဒါပေမယ့် တစ်ဖက်က ကြည့်ပြန်တော့ content က အရေးကြီးတာပေါ့။ ကိုယ်ဘာတက်လဲ ဆိုတာ အရေးကြီးပါတယ်။ recognition အားဖြင့် သူသည် အမြင့်ဆုံးပဲ။ ပြီးမှ private သွားတာ။ နိုင်ငံခြားမှာ ဆိုရှင်းတယ်။ singapore မှာဆိုရင် NTU, NUS, SMU ဒီသုံးခုက top ပဲ။ ဒီ သုံးခုမရမှ private school ကိုသွားတာ။ အဲဒီလိုမှ မဟုတ်ပဲ MIT တို့ Harvard တို့ သွားနိုင်တယ် ဆိုရင်တော့ ကောင်းတာပေါ့။

သီဟ – ကျွန်တော်လဲ ကျွန်တော့် သူငယ်ချင်းနဲ့ ဆက်ပြောဖြစ်တယ်။ ငါးနှစ်လဲ ပေးလိုက်ပါဗျာ။ ကျွန်တော်တော့ ပေးသင့်တယ်ထင်တာပဲ။ ခင်ဗျားက မကျွေးနိုင်လို့လားဆိုတော့ မဟုတ်ပါဘူးတဲ့။

ကိုထွန်း – အကယ်၍ ကျွန်တော့် သားသမီးသာ အရွယ်ရောက်လို့ ရှိရင်တော့ အစိုးရကျောင်းကို တက်ခိုင်းမယ်။ တက်ခိုင်းပြီးလို့ရှိရင် အဲဒီမှာ focus လုပ်ခိုင်းမယ်။ တခြား education မလိုဖူး ထင်တယ်။ လေ့လာပါစေ။ ကိုယ်ဟာကိုယ် self-learning လုပ်၊ ကျောင်းမှာ အာရုံစိုက်၊ ဆရာ၊ ဆရာမတွေ တွေလည်း အာရုံစိုက်၊ ကျောင်းသားတွေလည်း အာရုံစိုက်တယ် ဆိုရင်တော့ ပညာရေး မှန်ကန်လာမှာပါ။

သီဟ – ဟုတ်ကဲ့ ခင်ဗျ။ ကျွန်တော် နောက်ဆုံး တစ်ခု မေးချင်တာက ကျွန်တော်တို့ အခု အလုပ်အကိုင် အခွင့်အလမ်းက ကျွန်တော်တို့ အခု မေးထားတာတွေ အားလုံးက လူငယ်တွေရဲ့ passion နဲ့ပတ်သတ်ပြီးတော့ မေးသွားတယ်။ အလုပ်အကိုင် အခွင့်အလမ်းနဲ့ အခု နည်းပညာနဲ့ပတ်သတ်တဲ့ အလုပ်အကိုင် အခွင့်အလမ်းမှာ ခပ်ဝေဝေ ဝါးဝါး ဖြစ်နေတာကိုတွေ့ရပါတယ်။ ဘယ်လိုပြောရမလဲ။ အခုဆိုလို့ရှိရင် နိုင်ငံခြားသွားရမှာလား၊ ဒါမှမဟုတ် ဒီမှာပဲ လုပ်ရမှာလား။ အဲဒီလိုမျိုး ဝေဝါးနေတဲ့ အနေအထားတွေ ရှိတယ်ဗျ။ အဲဒီလို အခြေအနေမျိုးမှာ အကိုတို့က အလုပ်ပေးနိုင်တဲ့ အနေအထားမှာ ဆိုတော့ အလုပ်အကိုင် အခွင့်အလမ်း အပေါ်မှာ ဘယ်လို ရှိလဲ ဆိုတာ သိချင်ပါတယ်။

ကိုထွန်း – အလုပ်ကတော့ အမြဲရှိပါတယ်။ ကိုယ့်ဖက်က ပြည်တွင်းမှာ နေမယ်ဆိုရင်လည်း အခု အချိန်ကတော့ နေသင့်တဲ့ အချိန်ပေါ့။ ပြည်ပသွားတယ် ဆိုလည်း သွားသင့်ပါတယ်။ ပြည်ပသွားတယ် ဆိုတာ ဒါ ကျွန်တော်လည်း သွားခဲ့တာပဲ။ လူငယ်တွေ ဘယ်တော့မှ မသွားနဲ့ မပြောဘူး။ သွားချင်ရင်သွား သို့သော် ကိုယ့်ရဲ့ decision က well-planned ဖြစ်ဖို့လိုတယ်။ တန်းပြီးတော့ ဖုက်ဖတ်ခါထပြီးသွားတာမျိုး မဖြစ်သင့်ဘူး။

ကျွန်တော် တစ်ခုမြင်တာက နိုင်ငံခြားမှာ အလုပ်သွားရှာတဲ့ အခါမှာလည်း underpaid ပေါ့။ အဲဒါတွေကို တွေ့ရတယ်။ တွေ့ရတဲ့ အကြောင်းအရင်းက ပြင်ဆင်မှု နည်းတာတွေပေါ့။ တကယ်လို့ ကိုယ်သာ တကယ်ကျွမ်းကျင်တယ်ဆိုရင်၊ တစ်ချို့ကြတော့လည်း လစာကောင်းကြပါတယ်။

တချို့ကြတော့လည်း ကျွန်တော် မဖြစ်စေချင်တာက မြန်မာသည် အရမ်း ခိုင်းလို့ကောင်းသည်၊ အရမ်း ဈေးပေါသည် ဆိုတဲ့ အမြင်နဲ့ မကျော်ကြားစေချင်ဘူး။ သူများထက်တော်တယ်၊ ဈေးလည်း ကြီးတယ် ဆိုတာ ဖြစ်စေချင်တယ်။ ဈေးတော့ ကြီးတယ်၊ လစာတောင်းရင် ပိုတောင်းကြတယ်၊ ဒါပေမယ့် အရည်အချင်း ပိုရှိတယ်၊ အဲဒီလို ဖြစ်စေချင်တယ်။

တော်တဲ့ ကလေးကတော့ ဘယ်နေရာ ရောက်ရောက် တော့ တော်ကြတာပဲ။ ဒီကကျောင်းသားတွေ ဟိုမှာ ကျောင်းတက်ကြတယ်။ ဥပမာ ကိုသာသာ တို့ဆိုလို့ရှိရင်ပေါ့။ poly တက်ပြီး နောက် NTU မှာ NUS လားမသိ ကျောင်း ပြီးသွားတယ်။ ပြီးတော့ သူကို အလုပ် နဲ့ employer အများစုက သဘောကျတယ်။ အဲဒီလို ဖြစ်အောင် လုပ်ရမှာပေါ့။

အဲဒီလို အခြေအနေဆိုရင် ဘယ်သူမှ ကိုယ့်ကို ပိုက်ဆံနှိမ်မပေးဘူး၊ နှိမ်ပေးလို့လည်း မရဘူး။ အဲဒီလိုမျိုး ဖြစ်စေချင်တယ်။ အရမ်းခိုင်းကောင်းလို့၊ ဈေးပေါလို့ ဆိုတဲ့ ပုံစံမျိုးနဲ့ မြန်မာရဲ့ developer brand ကို မဖြစ်စေချင်ဘူး။ နောက်တစ်ချက်က တက်ဖို့လိုတယ်။ developer အဆင့်ကနေ team leader၊ project manager၊ software architect စသဖြင့် တက်စေချင်တယ်။ အဲဒါကလည်း တစ်ဖက်က education ပေါ့နော်။ တဖက်က ဓားသွေးဖို့လိုတယ်။ ကိုယ်ခုတ်နေတဲ့ ဓားက သွေးတော့ သွေးပါတယ်၊ လွှကို ယှဉ်လို့ မရရင် မဖြစ်သေးဘူး။ ဟိုက လွှစက်နဲ့ ဖြတ်တယ်။ ဒီ skill-set အသစ်တွေကို ကိုယ်မသိတဲ့ ဟာတွေ တက်ဖို့လိုတယ်။ soft skill တွေ အားလုံး တက်ဖို့ လိုတယ်။ ပြည်တွင်း market ပြောရင်လည်း အခု အချိန်မှာ နေပျော်ပါတယ်။

သီဟ – အလုပ်အကိုင် အခွင့်အလမ်းကလည်း နည်းနည်း များလာသလိုပဲ။

ကိုထွန်း – ဟုတ်ကဲ့ များလာပါတယ်။ အဓိက ကျွန်တော်တို့ industry မှာ ဒီမှာ လုပ်မယ်ဆိုရင်လည်း career ရှိရမယ်ပေါ့။ fresh grads တွေကတော့ အခုခေတ်မှာ ဆိုရင် ဘယ် company မှာမဆို ဝင်လို့ ရှိရင်တော့ တစ်သိန်းကျော်လောက် ရမှာပေါ့။ ရေရှည်လုပ်လို့ရှိရင်တော့ သုံးသိန်း၊ ငါးသိန်း ရသွားစရာ ရှိတယ်ပေါ့။ mainstream တစ်ခုသွားတယ်၊ ကိုယ်က ဦးဆောင်နိုင်စွမ်း ရှိတယ်၊ အားကိုးရတယ် ဆိုရင်တော့ ကိုးသိန်း၊ ဆယ်သိန်းအထိ ရနိုင်ပါတယ်။ local industry မှာပေါ့။

သီဟ – ကျွန်တော် အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော့် အတွေ့အကြုံ ပြောရရင် ကျွန်တော့်ဆီက သင်တန်း ဆင်းသွားတဲ့သူတွေ Skill-set တွေ မဆိုးဘူးလို့ ဆိုနိုင်တဲ့သူတွေ အလုပ်တော့ ရကြပါတယ်။ ဒါပေမယ့် pay-scale က နိမ့်တယ်ဆိုတာမျိုး ပြန်ကြားရပါတယ်။ နောက် နိုင်ငံခြားသွားကြတယ်။ အလုပ်တော့ရတယ်၊ ဒါပေမယ့် s-pass ဆိုတဲ့ဟာတွေ မရကြဘူး။ ဒီတော့ အလုပ်လုပ်လို့ အဆင်မပြေဘူး။ အဲဒါတွေက သူတို့ဆီက ပေါ်လစီတွေကြောင့် ထင်တယ်ဗျ။

ကိုထွန်း – ဘာဖြစ်လို့လဲ ဆိုတော့ ဟိုမှာလည်း နိုင်ငံရေး ရှိတာကိုး။ အထူးသဖြင့် စင်္ကာပူမှာ ဒီ လက်ရှိ နိုင်တဲ့ ပါတီက ပြန်မဲဆွယ်တဲ့ အခါမှာ ပြည်သူတွေ သဘောကျတဲ့ policy ပေါ့နော်။ တကယ်တမ်း စဉ်းစားကြည့်တော့ neighborhood က အတော်ဆုံး လူတွေ ခေါ်တဲ့အခါမှာ အတော်ဆုံး၊ အကြိုးစားဆုံး လူတွေ ခေါ်တဲ့အခါမှာ ကိုယ့် local မှာကြတော့ stress ဖြစ်တာပေါ့။

အလုပ်ရှင်အားလုံးကလည်း ဒီ foreigner တွေနဲ့ လုပ်ချင်ကြတယ်။ အဲဒီအခါမှာ local တွေအတွက်က stress ပိုများလာတယ်၊ အလုပ်တွေ မရကြဘူး။ သူတို့ဆီမှာ ကြတော့ လွယ်လွယ်ကူကူ စားသောက်နေထိုင်ဖို့ culture ရှိတယ်။ ဒီ နိုင်ငံခြားကလာတဲ့ လူတွေကြတော့ family က ဝေးနေတာ များတယ်။ တချို့က အရမ်းကြိုးစားကြတယ်။

local ကြတော့ မလုပ်နိုင်ဘူး။ local တွေ အတွက်ကြတော့လည်း အဲဒါကို impact တွေ့တယ်။ နောက်ဆုံး အဆိုးဆုံး case ကတော့ အသက်ငါးဆယ်လောက်ရှိတဲ့ local တွေက အလုပ်ပြုတ်သွားလို့ရှိရင် မရတော့ဘူး။ သူတို့ကို လုပ်ငန်းရှင် ကမခန့်ချင်ဘူး။ ဘယ်သူကို ခန့်မလဲ ဆိုတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ foreigner တွေ ခန့်လို့ရှိရင် လခလည်း ပိုပြီးတော့ သက်သာတယ်။ အလုပ်လည်း ပိုကြိုးစားတယ် ဆိုပြီး ဖြစ်လာတယ်။

အဲဒီတော့ အဲဒီလိုမျိုးဟာတွေ တွေ့ရတော့ ဒီ နိုင်ငံရေးသဘောတရား အရ ဟို foreigner တွေ မခန့်ဖို့ကို policy စပြောင်းကြတယ်ပေါ့။ အခု S-Pass တို့ EP တို့မှာ မိသားစု ခေါ်တဲ့ ကိစ္စကို တားမြစ်တာတွေ ပေါ့။ မိသားစု ကအလုပ်လို့ ရတာကိုး။ ဒါမျိုးဟာတွေကို တားမြစ်တယ်။ ဒါပေမယ့် ကျွန်တော်ထင်ပါတယ်။ ကိုယ် အရမ်းတော်လို့ ရှိရင်တော့ ရပါတယ်။ ကိုယ်က ဘယ်က ဘွဲ့ရလဲ။ ကိုယ်ရဲ့ job references တွေ ကောင်းနေရင်တော့ အရမ်း ခိုင်မာနေလို့ရှိရင်တော့ ပြဿနာ မရှိပါဘူး။ အခု အချိန် အထိ ကျွန်တော် သိသလောက်တော့ PR တွေလည်း ပေးနေတဲ့ လူတွေလည်း ပေးနေကြတာပဲ။ ကိုယ့်အပေါ်မူတည်တယ်။ ကံလည်း မူတည်တာပေါ့နော်။

ပြည်တွင်းမှာကြတော့ အစိုးရ project တွေက တော့ကျွန်တော်တို့နဲ့ သိပ်မဆိုင်ပါဘူး။ ကျွန်တော်တို့က private sector မှာပိုများတယ် ။ တချို့ bank တို့ shopping market တွေ များတာပေါ့။ အဲဒီမှာ growth ကတော့ သုံးဆလောက် ဖြစ်လာတာကို တွေ့ရတယ်။ အဲဒီတော့ ကျွန်တော်တို့ လုပ်ငန်းတွေကလည်း သုံးဆလောက် လိုက်ချဲ့ဖို့ လိုတယ်။ ဒီနှုန်းအတိုင်း သွားနေလို့ တစ်နှစ်မှာ ကျွန်တော်တို့ တွေ့နေတာ exponential growth က 10% တို့ 20 % တို့မဟုတ်ဘူး။ 100% တို့ ကျွန်တော်တို့ တွေ့နေရတယ်။

တစ်ခုတော့ ရှိတယ်။ ကျွန်တော်တို့ လူတွေကို pay scale ပေါ့နော်၊ အားလုံးကို တူတူပေးလို့ မရဘူး။ ကျွန်တော်တို့ company မှာတော့ pay scale က 1 to ထားပါတော့ 10 ရှိတယ်။ may be 1 က တစ်သိန်းရတယ်။ 10 က ဆယ်သိန်းရတယ်။ သူ့ပေါ်မူတည်သွားတယ်။ သူဘယ်မှာ perform လုပ်နိုင်သလား ဆိုတာကို မူတည်သွားတယ်။

တစ်ခြားနိုင်ငံမှာလည်း ကျွန်တော်တို့ ဘာတွေ့ရလဲ ဆိုတော့ fresh grads တွေကို ခန့်တယ်။ အတော်ဆုံး ကျောင်းသားတွေကို ခန့်တယ် ၊ train လုပ်ပေးတယ်။ သူတို့ စနစ်က ဘယ်လို သန့်စင်လဲ ဆိုတော့တ ော်တဲ့လူတွေကို rank ကိုမြင့်လိုက်ပြီးတော့ မတော်တဲ့လူတွေကို သူက ထွက်အောင် လုပ်လိုက်တယ်။ အမှန် Microsoft တို့ Google တို့မှာတော့ ထုတ်လိုက်တာပေါ့။

သူတို့ဆီမှာ 2 quarter ညံလို့ရှိရင် သူက အလိုလို ထွက်သွားတယ်၊ automatic ပေါ့။ ကျွန်တော်တို့ ဆီမှာတော့ အဲဒီလိုလုပ်လို့မရဘူး။ ကျွန်တော်တို့ဆီမှာ scale 1 to 10 ရှိလို့ရှိရင် တော်တဲ့သူတွေကို 10 ကိုဆွဲတင်ပြီးတော့ မတော်တဲ့ သူတွေကို ထားခဲ့ရတယ်။ အဲဒီအခါမှာ သူတို့က မနေနိုင့်ပဲ ထွက်ကြတာပေါ့။ တစ်ဖက်မှာလည်း ကိုယ်က ရအောင် ဆွဲခေါ်တယ်။ သူတို့မှာလည်း motivation ရှိတယ်။ မတက်လို့ မရတော့ဘူး။ တိုင်းတာတဲ့ ပေတံကလည်း fix ဖြစ်ဖို့ လိုတာပေါ့။ အခုနောက်ပိုင်း ပြောကြတာ KPI လို့ ပြောကြတယ်။ Key Performance Indicator, Index ပေါ့နော်။ KPI နဲ့ ထိန်းဖို့ လိုတယ်။ KPI နဲ့ ညှိတယ် ကြိုးစားတယ် ဆိုတော့လည်း ကိုယ်က တက်လာမှာပေါ့။ local pay scale အနေနဲ့ ကျွန်တော် မြင်တာကတော့ နောက်ပိုင်းမှာ အရင်ကထက်စာရင် အများကြီး ကောင်းလာပါလိမ့်မယ်။

သီဟ – အကိုပြောသလို growth rate ကလည်း တအား မြင့်လာတယ်။ ဒါတော်တော်လေးကို ကောင်းတဲ့ အခြေအနေပဲပေါ့။

ကိုထွန်း – အလုပ်ရှင် အနေနဲ့ ကြည့်ရင် လူငါးယောက်ကို ခန့်မလား။ လူငါးယောက်စာ လုပ်နိုင်တဲ့ တစ်ယောက်ကို ခန့်မလား ဆိုရင် တစ်ယောက်ကို ခန့်မှာပေါ့။ အဲဒီ တစ်ယောက်ကို ငါးယောက်စာ ပေးမှာပေါ့။ ကျွန်တော်က အလုပ်တစ်ခုကို တစ်နာရီနဲ့ ပြီးတယ်။ သူက ငါးနာရီနဲ့ ပြီးရင် ကျွန်တော်က သူ့ထက် ငါးဆ မြန်နေတာကိုး။

နောက်တခါ ကျွန်တော် လုပ်တဲ့ အလုပ်က တခါတည်းနဲ့ တန်းမှန်သွားတယ်။ သူလုပ်တဲ့ အလုပ်က အခါနှစ်ဆယ်လောက် ပြန်ပြင်နေရတယ် ဆိုရင် ကျွန်တော်က သူထက် အဆပေါင်းများစွာ ဘယ်လိုပြောမလဲ productivity မြင့်တယ် ခေါ်မှာပေါ့။ company အနေနဲ့ ကြည့်ရင်လည်း ဒါမျိုးလူကို retain ခြင်းအားဖြင့် company မှာ ပိုအကျိုးရှိတယ်။

ဒီဟာသည် အရမ်း အရေးကြီးတယ်။ ဒါမျိုးကို လူငယ်တွေ နားလည်ဖို့ လိုတယ်။ ကိုယ့်ကိုယ့်ကို results ကိုကြည့်ဖို့ လိုတယ်။ နိုင်ငံခြားမှာတော့ ဒီ KPI ပေါ့နော်။ KPI သည် အရမ်း အရေးကြီးပါတယ်။ သူတို့ဆီမှာ 2 quarter ၊ ခြောက်လပေါ့နော် ၊ ခြောက်လ အထိ underperform ဆိုရင် သူတို့ ဆီမှာ အလုပ်ကိုထုတ်ပစ်လိုက်တာ။ ကျွန်တော်တို့ဆီမှာတော့ အဲဒီလောက်ထိ လုပ်လို့မရဘူး။ ကျွန်တော်တို့ဆီမှာကတော့ rank ကိုရှာရတာပေါ့။ နောက်ပိုင်း ဆိုရင်တော့ ရေရှည်မှာ ဆိုလို့ ရှိရင် နိုင်ငံခြားကို ငွေရေးကြေးရေး ကြောင့် သွားစရာ မလိုတော့ဘူး ထင်ပါတယ်။ အခြားဟာတော့ သွားလို့ ရပါတယ်။ ကိုယ့်မိသားစု ရှိတယ် ၊ကိုယ်က ပညာတွေ သင်ချင်တယ်ဆိုရင်တော့ သွားလို့ ရနိုင်ပါတယ်။

သီဟ – ကျွန်တော်တို့ startups ပေါ့နော်။ ကျွန်တော်တို့ startups တွေ အတွက်လည်း တော်တော်လေးကို အခွင့်အလမ်းတွေ များလာတာကိုတွေ့ရပါတယ်။ အားလုံးကတော့ ဘက်ပေါင်းစုံ ၊ ဒေါင့်ပေါင်းစုံ ကောင်းလာနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။

ကိုထွန်း – startups တွေကလည်း လုပ်ကြပါ။ ကိုယ် network ကိုယ်ရှာပါ။ ကိုယ် အားသာတဲ့ အချက်ကို အာရုံစိုက်ပြီးတော့ သူများ အားနည်းတဲ့ အချက်နဲ့ လုပ်ပေါ့နော်။ ကိုယ်က အားသာနေတယ်၊ သူကလည်း သူဖာသာနဲ့သူ အားသာနေရင် ကိုယ်သွား ယှဉ်လို့ မရဘူး။ တည့်တည့်ကြီးသွားတွေ့လို့ မရဘူး။ ကိုယ်က အဲဒါကို ရှောင်ရမယ်။

သီဟ – ကျွန်တော်တို့ အခု specialize နဲ့ပတ်သတ်တဲ့ training တွေလည်းမဆိုးဘူး။ အခြေအနေ တော်တော်ကောင်းလာတာကို တွေ့ရတယ်။ အကို ပြောတဲ့ အနေအထား အရဆိုရင်လည်း growth rate ကကြီးလာတယ်ပေါ့။ ပြည်တွင်းမှာလည်း နောက်ထပ် နှစ်နှစ်လောက်ကြာ ရင် အဲဒီလို အနေအထားမျိုး ဖြစ်လာရင် အကောင်းဆုံးပါပဲ။

ကိုထွန်း – ကျွန်တော်ထင်တာကတော့ exponential growth လာလိမ့်မယ်။ အခု FDI တွေ မလာသေးဘူး။ လာလိမ့်မယ်။ အဲဒီတော့ local အားလုံးက ပြင်ဆင်ထားဖို့ လိုတယ်။ ဓားသွေးထားဖို့ လိုတယ်။ ဓားသွေးတယ်ဆိုတာ ပညာရေးတင်မကဘူး ၊ ကိုယ့်ရဲ့ team building လည်းလိုတယ်။ ကိုယ့် team က strong ဖြစ်ဖို့လိုတယ်။ ညီဖို့ လိုတယ်။ ကိုယ်က တယောက်တပေါက်လုပ်ရင် တော့ ကျွန်တော်တို့ အားလုံးက ဝန်ထမ်း ဖြစ်နေမှာပဲ။ FDI တွေလာတဲ့ အချိန်မှာလဲ အေးအတူ ပူအမျှ လက်တွဲ ပြီး အလုပ် တွေရ အောင်လို့ ကြိုးစားဖို့ လိုတယ်။

သီဟ – အခုလို စိတ်ရှည်လက်ရှည် ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ကိုထွန်း – ကျွန်တော်လဲ ကျေးဇူးတင်ပါတယ်ခင်ဗျ။

(၂၀၁၂ ခုနှစ်လောက်က အင်တာဗျူးဖြစ်ပါသည်)