
ကျွန်တော်နှင့် Dart Programming Language Part (2)
- Soe Thiha Naung
- Programming
- Jul 12, 2019
- Dart, Dynamic Types, forEach, Parameters
အရင်အပိုင်းကို ဖတ်ချင်တယ်ဆိုရင်
ကျွန်တော် အခုရေးနေတဲ့ ဒီအပိုင်းကို တစ်ခြား Dart အပိုင်းတွေနဲ့ မရောစေချင်ပါဘူး။ ဒီအပိုင်းက ကျွန်တော် လေ့လာခဲ့တုန်းက တွေ့တဲ့အချက်လေးတွေကို မှတ်တမ်းတင်ထားတဲ့ မှတ်တမ်းတွေပါ။ ဒါပေမယ့် နောက်ပိုင်းကြရင်တော့ အားလုံး ဆက်စပ်သွားမယ် ထင်ပါတယ်။
forEach() in List
ဒါကတော့ Kotlin မှာ သုံးခဲ့တဲ့ Extension Function ပုံစံတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဥပမာလေးနဲ့ ရေးကြည့်ရအောင်
List<String> greetings = ['Hello', "Mingalarbar", "Aloha", "Namaste", "Hola"];
for(var greet in greetings) {
print(greet);
}
greetings.forEach((element) => print(element));
for loop နဲ့ ပတ်ပြီးရေးစရာမလိုပဲ forEach ဆိုပြီး တန်းရေးလို့ရပါတယ်။
Dynamic Types
Dynamic Type ဆိုတာကတော့ Compiler ကို ဘယ် Variable Type အမျိုးအစားဖြစ်ဖြစ် လက်ခံပါလို့ ပြောလိုက်တာပါပဲ။
dynamic myNumber;
myNumber = "Hello World";
print(myNumber);
myNumber = 345;
print(myNumber);
myNumber = 45.60;
print(myNumber);
myNumber = true;
print(myNumber);
Named Parameters
Named Parameter ဆိုတာကတော့ Function တွေမှာ Variable Passing ပေးတဲ့အခါ အမည်ကိုပါ ထည့်ပေးဖို့ လိုမယ့်နေရာတွေအတွက် သုံးပါတယ်။ ဥပမာ –
helloWorld(name: "Thiha", rank: "CEO");
}
void helloWorld({String name, String rank}) {
print("Hello $name, $rank");
}
Variable passing တွေ သတ်မှတ်တဲ့အခါ { } အတွင်းမှာ ထည့်ရေးပေးမယ်ဆိုရင် အသုံးပြုတဲ့အါ ရှေ့မှာ အမည်ကို မဖြစ်မနေ ထည့်ပေးဖို့ လိုပါလိမ့်မယ်။ name: “Thiha”, rank: “CEO” စသည်ဖြင့်ပေါ့။
Positional Optional Parameters
Optional Parameter တွေ ထည့်သွင်းချင်တယ်ဆိုရင် [ ] နဲ့ သတ်မှတ်ပေးလို့ရပါတယ်။ ဥပမာ
helloWorld("Thiha", "CEO");
helloWorld("Soe", "MD", "Pazuntaung");
}
void helloWorld(String name, String rank, [String address]) {
print("Hello $name, $rank");
if(address != null) {
print(address);
}
}
ဆက်ပါဦးမယ်